သုတေသန ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် ကြေညာချက်
ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် ကြေညာချက် Print E-mail
မဇ္ဈိမသတင်းဌာန   
Monday, 08 March 2010 19:34


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခြင်း

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့က စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ် ခင်ဗျာ”

 
Ask Mizzima
yeyintaung

သူတို့စကား

"နောက်ဆုံးတော့ ကျနော်တို့ သဘောပေါက်သွားတာက ပန်းတိုင်ကို မပြောင်းပေမယ့်၊ ကျနော်တို့ရဲ့ နည်းလမ်းတွေ ပြောင်းလဲဖို့တော့ လိုတယ်ဆိုတာပါပဲ။ ကျနော် ထင်ပါတယ်၊ ဒီအစောပိုင်းအဆင့်မှာ ကျနော်တို့ အတူထိုင်ဆွေးနွေးဖို့ အဆင်သင့် ရှိနေတာကို မြန်မာအစိုးရက သိရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားတာက မြန်မာနိုင်ငံမှာ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး "

ကာ့တ် အမ် ကမ့်ဘဲလ် (လက်ထောက်အတွင်းရေးမှူး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ၊ အမေရိကန်)



© Copyright 1998 - 2009 Mizzima News. All Rights Reserved