သုတေသန ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိန်းဂဏန်းများ
ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိန်းဂဏန်းများ Print E-mail
မဇ္ဈိမသတင်းဌာန   
Friday, 19 March 2010 17:31

(ကျော်ခ က မတ်လ ၁၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် စုဆောင်းပြုစုသည်။)

- ၂ဝဝ၈ ခုနှစ် မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇၅ဝ၄၃၆၈ ဦး ဖြစ်သည်။

- ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ စာရင်းအရ မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇၃၆၉၉၅၇ ဦး ဖြစ်သည်။

- အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကျဉ်းကျနေသူပေါင်း ၂၄၈၆၆၄ ဦး ဖြစ်သည်။

- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ဦးရေ ၂၁ဝဝ ကျော် ရှိသည်။

- Save the Children ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေမှာ ၂၂ သန်း ဖြစ်သည်။

- ဗုဒ္ဓဘာသာ ရဟန်းတော်ပေါင်း ၅ သိန်းကျော် ရှိသည်ဟု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပြောသည်။

- မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အဆိုအရ ခရစ်ယာန်ဘုန်းတော်ကြီး ၁၃၅ဝဝ ဦး ရှိသည်။

- Islamic Religious Affairs Council အဆိုအရ အစ္စလာမ်သာသနာ့ဝန်ထမ်းပေါင်း ၁၂ဝဝဝ ဦး ရှိသည်။

- ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား ဦးရေ အနည်းဆုံး ၂ သန်းကျော် ရှိသည်။

- မလေးရှားနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သား ဦးရေ ၅ သိန်းခန့် ရှိသည်။

- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ၁၅ဝဝဝ ဝန်းကျင် ရှိသည်။

- အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တခုထဲတွင်ပင် မြန်မာ ၅ သောင်းခန့် ရှိသည်။

- မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် မေလ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ပါတီဝင် အသင်းအဖွဲ့ဝင်ဦးရေ

(ယခု ဖော်ပြထားသော ကိန်းဂဏန်းများမှာ သက်ဆိုင်ရာ ပါတီမှ ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြောကြားသည့် ပမာဏသာလျှင် ဖြစ်သည်။)

- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အဖွဲ့ဝင် ၂၄ သန်း ရှိသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရ၏ ကျောရိုးနိုင်ငံရေးပါတီဖြစ်ရန် အားထုတ်လျက် ရှိသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် ၁၂ သန်းကျော် ရှိသည်။

- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင် ၃ သန်းခွဲ ရှိသည်။

- ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် ၁ သိန်းခွဲ ရှိသည်။
 
Ask Mizzima
yeyintaung

သူတို့စကား

"နောက်ဆုံးတော့ ကျနော်တို့ သဘောပေါက်သွားတာက ပန်းတိုင်ကို မပြောင်းပေမယ့်၊ ကျနော်တို့ရဲ့ နည်းလမ်းတွေ ပြောင်းလဲဖို့တော့ လိုတယ်ဆိုတာပါပဲ။ ကျနော် ထင်ပါတယ်၊ ဒီအစောပိုင်းအဆင့်မှာ ကျနော်တို့ အတူထိုင်ဆွေးနွေးဖို့ အဆင်သင့် ရှိနေတာကို မြန်မာအစိုးရက သိရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားတာက မြန်မာနိုင်ငံမှာ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး "

ကာ့တ် အမ် ကမ့်ဘဲလ် (လက်ထောက်အတွင်းရေးမှူး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ၊ အမေရိကန်)



© Copyright 1998 - 2009 Mizzima News. All Rights Reserved