ဓါတ်ပုံ
မဇ္ဈိမ ၂၀၁၀ ခုနှစ် မတ်လ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
Wednesday, 10 March 2010 12:34
ရန်ကုန်မြို့မှ သတင်းစာ အရောင်းဆိုင် တခုတွင် ပုံမှန်အားဖြင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အစိုးရ ထိန်းချုပ်ထားသော သတင်းစာကို စိတ်ဝင်တစား ဖတ်ရှုနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ ယနေ့ထုတ် သတင်းစာများတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ဖော်ပြသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီး   ကျောင်းပြင် ထွက်လာသော  ကျောင်းသား/ကျောင်းသူများ။ ဓာတ်ပုံ-မျိုးသိဏ်း-   မဇ္ဈိမ။ မတ်လ ၁၉  ရက်နေ့အထိ  ဖြေဆိုရမည့် စာမေးပွဲ၏ ပထမဆုံးနေ့ဖြစ်သော   ယနေ့တွင် မြန်မာဘာသာ   ဖြေဆိုရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်တိုင်းရုံးဖြစ်သော တာမွေမြို့နယ် အဝိုင်းထိပ်နားရှိ ရုံးကို ခရိုင်အဆင့် အရာရှိများက ပြန်လည် ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရက ပိတ်ထားခဲ့သော အဓိက အတိုက်အခံ ပါတီကြီး၏ ရုံးခွဲများကို ယနေ့နံနက်တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။
Read more...
 
မဇ္ဈိမ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
Thursday, 03 December 2009 12:04
'တရုတ်-မြန်မာ ကုန်စည်ပြပွဲ'<br /> ၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို နှစ်နိုင်ငံနယ်စပ်ရှိ ကျယ်ဂေါင်မြို့၌ ယနေ့ စတင် ဖွင့်လှစ်လိုက်သည်။ (ဓာတ်ပုံ - မဇ္ဈိမ)။ နှစ်နိုင်ငံ ကုန်သည်များက ထုတ်ကုန်အမျိုးမျိုးကို ပြသလျက်ရှိရာ မော်တော်ဆိုင်ကယ်၊ သစ်မာပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းများလည်း ပါဝင်သည်။ ပြန်လည် အသုံးပြုနိုင်သော ပလတ်စတစ်အိတ်များကို အဝယ်ဒိုင်တခုတွင် ဆေးကြောသန့်စင်နေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်တွင် တခါသုံး ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်သုံးစွဲခွင့်ကို ယခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ ပိတ်သိမ်းရမည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်ထုတ်ခဲ့သည်။ သို့သော် လုပ်ငန်းရှင်များ၏ တင်ပြမှုကြောင့် လိုင်စင်ရှိ စက်ရုံများကို လာမည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား၍ ထုတ်လုပ်ခွင့် ပေးခဲ့ပြီး အကြိမ်ကြိမ် ပြန်လည်အစားထိုးနိုင်သည့် ပလတ်စတစ်အိတ်များသာ ထုတ်လုပ်ရန် ညွှန်ကြားခဲ့သည်။ 'အမျိုးသမီးများ အသံ'<br /> တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် SANGAT ခေါ် အိန္ဒိယအမျိုးသမီးအဖွဲ့က ဦးစီးကျင်းပရာ မြန်မာအမျိုးသမီးများလည်း တက်ရောက်၍ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြသည်။ (အိမ့်ချယ်ရီ - မဇ္ဈိမ) ။ အခမ်းအနားတွင် အိန္ဒိယ၊ တိဘက်၊ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အမျိုးသမီးများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
Read more...
 
မဇ္ဈိမ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
Monday, 02 November 2009 15:13
သီတင်းကျွတ်လပြည့်နေ့ ဘုံကထိန်ပွဲတော်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ရွှေဝါရောင် မြန်မာဘုန်းကြီးကျောင်းတွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ယနေ့ စုပေါင်းကျင်းပစဉ်။ ဓာတ်ပုံ - မဇ္ဈိမ။ ''လွတ်လပ်စွာ နေထိုင်သွားလာခြင်း'' ဟူသော တရားတော်မြတ်ကို နာယူကာ၊ သံဃာတော် ၈ ပါးကို ဆွမ်း သင်္ကန်းနှင့် ၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ စစ်တပ်ခေါင်းဆောင်များ ထူထောင်ထားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးကို နိုဝင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည်။ ဓာတ်ပုံ - မဇ္ဈိမ။ စစ်အစိုးရ၏ ကိုယ်ပိုင်လမ်းပြမြေပုံတွင် အရေးပါသော ၂၀၁၀ ရွေးကောက်ပွဲကို ပံ့ပိုးဝင်ရောက်မည့် ကြံ့ဖွံ့အနေဖြင့် ရန်ကုန်မြို့တွင်း ရေရရှိရေး၊ လမ်းပြုပြင်ရေးများတွင် တံဆိပ်ကပ် လှုပ်ရှားမှုများလည်း အတော်များများ လုပ်ဆောင်နေခဲ့သည်။ ဘုံကထိန်ပွဲတော်ကို ရန်ကုန်မြို့ လမ်းမတော်တွင် ကျင်းပစဉ်။ ဓာတ်ပုံ - မဇ္ဈိမ။  ရန်ကုန်မြို့တော်တွင် တခေတ်တခါက နာမည်ကြီးခဲ့သော လမ်းမတော် ဘုံကထိန်ပွဲသည် စည်ကားမှု လျော့နည်းလာခဲ့ကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောဆိုကြသည်။
Read more...
 
မဇ္ဈိမ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
Monday, 05 October 2009 17:59
ကာကြပြီဘင်္ဂလား-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရုံကာရံမှုကို ပြန်လည်စတင်နေပြီး ခြံစည်းရိုး တိုင်စိုက်ခြင်းမှာ နယ်ခြားမှတ်တိုင် ၃၅ အနီး မောင်တောမြို.နယ် တောင်ပြိုမြို.ရောက်ရှိလာပြီ ဖြစ်သည်။ (ဓာတ်ပုံ ငြိမ်းချမ်း) မြန်မာစစ်သားများ၏ လှုပ်ရှားမှု ကို စောင့်ကြည့်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နယ်စပ်လုံခြုံရေးတပ်ဖွဲ့များကို တပ်လှန့်ထားသည်။ တရုတ်-မြန်မာ ၉ ကြိမ်မြောက် ဆွေမျိုးပေါက်ဖော် ပျော်ရွှင်ပွဲသဘင်ကို ယူနန်ပြည်နယ် နယ်စပ်မြို့ ရွှေလီတွင် ကျင်းပရာတွင် ယခုလ ၄ ရက်နေ့တွင် နှစ်နိုင်ငံ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု လှည့်လှည်ပြသနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ပွဲတော်ကို တရုတ်အာဏာပိုင်များက ငွေကြေးစိုက်ထုတ်၍ ၂၀၀၀ ခုနှစ်မှ စတင်ကာ ဦးစီး ကျင်းပခဲ့သည်။ ယခင်က မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် ၈ ကြိမ်မြောက်မှ စတင်ကာ အောက်တိုဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သည်။
Read more...
 
မဇ္ဈိမ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
Thursday, 03 September 2009 13:09
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ကင်းစောင့်နေသော ရဲများကို စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ကိုးကန့်ဒေသတွင် တည်ငြိမ် အေးချမ်းမှုများ ပြန်လည် ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း စစ်အစိုးရက တွင်တွင် ပြောကြားနေသည်။ ဝ'ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSA ၏ နာယက ဦးကျောက်ညီလှိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် အသက် ၇၀ နှစ်အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ဝ ဒေသတွင် စစ်ရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့သည့် ဝ ခေါင်းဆောင်ကြီး ကွယ်လွန်သွားခြင်း ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုထားသော UWSA ထိန်းချုပ်ရာ နယ်မြေများ အနီးသို့ တပ်မတော်တပ်များ ပိုမို ဖြည့်တင်း တိုးလာလျှက် ရှိသည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းထိပ်တွင် အတားဆီးများ ချထားပြီး ”ကန့်သတ်နယ်မြေ” အဖြစ် သတ်မှတ်ထားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် သူမ၏ ရှေ့နေများနှင့် တွေ့ခွင့်ပြုရန် တောင်းဆိုထားသော်လည်း အာဏာပိုင်များဘက်က တုံ့ပြန်မှု မရှိဘဲ ဖြစ်နေသည်။ မဖိတ်ခေါ်ဘဲ ခြံဝင်းအတွင်း ဝင်ရောက်လာခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်း ချိုးဖောက်သည် ဆိုကာ အတိုက်အခံ ခေါင်းဆောင်ကို ၁၈ လ ထပ်မံ ချုပ်နှောင်ထားသည်။ 
Read more...
 
<< Start < Prev 1 2 3 4 5 Next > End >>

Page 1 of 5
Ask Mizzima
yeyintaung

သူတို့စကား

"နောက်ဆုံးတော့ ကျနော်တို့ သဘောပေါက်သွားတာက ပန်းတိုင်ကို မပြောင်းပေမယ့်၊ ကျနော်တို့ရဲ့ နည်းလမ်းတွေ ပြောင်းလဲဖို့တော့ လိုတယ်ဆိုတာပါပဲ။ ကျနော် ထင်ပါတယ်၊ ဒီအစောပိုင်းအဆင့်မှာ ကျနော်တို့ အတူထိုင်ဆွေးနွေးဖို့ အဆင်သင့် ရှိနေတာကို မြန်မာအစိုးရက သိရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားတာက မြန်မာနိုင်ငံမှာ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး "

ကာ့တ် အမ် ကမ့်ဘဲလ် (လက်ထောက်အတွင်းရေးမှူး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ၊ အမေရိကန်)



© Copyright 1998 - 2009 Mizzima News. All Rights Reserved